ဒီဗီဒီယိုဖိုင်ကတော့ ဘဏ်နဲ့ မသက်ဆိုင်ပေမဲ့ ကိုရီးယားမှာ အကြောင်းကြောင်းကြောင့် Fax ပို့ဖို့ ဖြစ်လာခဲ့ရင် မိမိရဲ့ မိုဘိုင်းလ်ဖုန်းကနေ အဆင်ပြေပြေနဲ့ Fax ပို့လို့ ရတယ် ဆိုတဲ့ အကြောင်းပြောပြပေးချင်လို့ပါ။
ဆောဖ်ဝဲနာမည်ကတော့ "Mobile Fax"ပါ။ ဘယ် ဖုန်လိုင်းမဆို အသုံးပြုလို့ရပါတယ်။
ဒါပေမဲ့ ဆောဖ်ဝဲကို ဒေါင်းလုပ်လုပ်မယ် ဆိုရင် အထူးသဖြင့် Iphone အသုံးပြုနေတဲ့ သူတွေရဲ့ Apple အကောင့်မှာ နိုင်ငံက Korea ဖြစ်နေဖို့ လိုအပ်ပါတယ်။ တစ်ချို့က Apple အကောင့်ဖွင့်တုန်းက နိုင်ငံကို America ဆိုပြီး ရွေးထားတတ်လို့ပါ။ ဆမ်းဆောင်းဖုန်းတွေကတော့ အဆင်ပြေပါတယ်နော်။
နိုင်ငံကို ပြောင်းမယ်ဆိုရင် Apple Setting - Media & Purchase - View Account - Country and Region ဆိုပြီး တစ်ဆင့်ချင်း နှိပ်ပြီး ဝင်ပြောင်းလို့ရပါတယ်။
ကျွန်မကတော့ ပတ်စပို့ သက်တမ်းတိုးလို့ အင်မီဂရေရှင်းကို 2ပတ်အတွင်း အကြောင်းကြားဖို့ လိုအပ်တဲ့ အခါမျိုးမှာ Fax ပို့ဖို့ ဆိုင်လိုက်ရှာနေစရာ မလိုဘဲ ဖုန်းလေးနဲ့ ပတ်စပို့လေးကို ဓာတ်ပုံရိုက်ပြီး အင်မီဂရေးကို Fax ပို့ဖူးပါတယ်။ အလုပ်ပျက်၊ အချိန်ပေးစရာ မလိုပဲ ဖုန်းတစ်ခုနဲ့ လုပ်စရာ ကိစ္စတစ်ရပ် ပြီးသွားတာပေါ့နော်။
မိုဘိုင်းလ်ဖုန်းနဲ့ Fax ပို့မယ်ဆိုရင်ကတော့ ဖုန်းဒေတာ ဖွင့်ပေးထားရမှာ ဖြစ်ပါတယ်။ Wifi နဲ့ ပို့လို့မရပါဘူးနော်။ Fax ရောက်ရှိပြီး complete ဖြစ်သွားပြီဆိုမှ ဒေတာကို ပြန်ပိတ်မယ်ဆိုရင် ပိတ်ပေးပါ။ မရောက်သေးဘဲ ဖုန်းဒေတာ ပိတ်လိုက်ရင် Fax က မထွက်ပါဘူးနော်။
အခု ဗီဒီယိုလေးကလည်း အားလုံးအတွက် အကျိုးရှိမယ်လို့ ထင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
#korea #finance #banks #banking #fax #mobilefax
Ещё видео!