၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက် ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
- တရုတ် မြန်မာ နယ်စပ် ကုန်သွယ်ရေး မြို့တစ်မြို့ ဖြစ်တဲ့ ကန်ပိုင်တည် မြို့ကို KIA နဲ့ ပူးပေါင်း အဖွဲ့တွေက သိမ်းယူ နိုင်ခဲ့ပါတယ်။ အဲဒီမှာ ဘယ်လို အခြေအနေ ရှိနေပါသလဲ။
- မူဆယ်မြို့မှာ တရုတ် နိုင်ငံဘက်ခြမ်းကို အလုပ်သွားလုပ်ဖို့ ဝင်ရောက်ခွင့် မရတဲ့အတွက် မြန်မာလုပ်သားတွေဟာ ဆန္ဒပြမှုတွေ လုပ်ခဲ့ကြ။
- ရုရှားဘက်က တိုက်ချင်းပစ် ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း ဘက်က ပြောပါတယ်။ ဒီတိုက်ခိုက်မှုသာ အတည်ဖြစ်ခဲ့ရင် ယူကရိန်း စစ်ပွဲမှာ စွမ်းအားပြင်းတဲ့ လက်နက်ကို ရုရှားက ပထမဆုံး အသုံးပြုလာတာ ဖြစ်တယ် ဆိုတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း
Ещё видео!