အုတ်ဖိုက စစ်ဆင်ရေးနယ်မြေအတွင်း သစ်ခိုးထုတ်နေသူများအား PDFက သတိပေးပြီး ပြန်လွှတ် (ရုပ်သံ)
Tharyarwaddy 8 City /ဩဂုတ်၁၆၊ ၂၀၂၄
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမထဲရှိ ကျွန်းစိုက်ခင်းများကို မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ ဩဂုတ်လ ၁၅ရက် ယမန်နေ့တွင် သွားရောက်ကြည့်ရှု့စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ထံမှ သိရပါတယ်။
နယ်မြေရှင်းလင်းရေးအတွက် ကင်းလှည့်နေစဉ် မနက်၁၀နာရီ အချိန်ခန့်မှာ ဂမုန်းကြိုးဝိုင်း သစ်ကွက်အမှတ် ၅၆နဲ့၅၇တို့တွင် ကျွန်းနုပင်တွေကို ခုတ်ယူနေတဲ့ သစ်ခိုးသမားများကိုတွေ့ရှိခဲ့ရကြောင်း သိရပါတယ်။
အဆိုပါသစ်ခိုးထုတ်နေသူတွေကို နောက်နောင်မှာ မခုတ်ကြဖို့ သတိပေးပြောဆိုမှုတွေပြုလုပ်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ပြောပါတယ်။
ထိုသို့ သစ်တောကြိုးဝိုင်းများကို ထိန်းသိမ်းနေတဲ့ အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိကြောင်းလည်း ဝိုင်းကျေးရွာမှ ဒေသခံ မစနေမမှ Tharyarwaddy 8 City ကို ပြောကြားထားပြီး ပြောဆိုမှုကို ရုပ်သံတွင်ကြည့်ရှု့နိုင်ပါတယ်။
ထို့အပြင် မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)မှ ပြန်ကြားရေးတာ၀န်ခံ ရဲဘော်အောင်ဇေယျမှလည်း သစ်ခိုးထုတ်နေသူတွေကို အသိပေးပြောဆိုမှုများလည်း ရုပ်သံတွင်ပါ၀င်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊သာယာ၀တီခရိုင် တပ်ရင်း၃၈၀၂၊ တပ်ခွဲ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က ၎င်းတို့ရဲ့စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမထဲရှိ သစ်တောကြိုးဝိုင်းများကို ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်နေပြီး ကျွန်းနုပင်များအား ခိုးထုတ်သူများအား လိုအပ်သည့် အရေးယူမှုများကို ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
သတင်း - တက်တိုးအောင်(အုတ်ဖို)
ရိုက်ကူး - အောင်ဇေ
တည်းဖြတ် - အနတ္တ
=============================
Tharyarwaddy 8 City မှ ရေးသားတင်ပြနေသည့် သတင်းများအား အောက်ပါပလက်ဖောင်းများတွင် ဖက်ရူနိုင်ပါသည်။
Facebook စာမျက်နှာ 👇👇👇
[ Ссылка ]
Telegram ချန်နယ် 👇👇👇
[ Ссылка ]
YouTube ချန်နယ် 👇👇👇
[ Ссылка ]
#အုတ်ဖို
#စစ်ဆင်ရေးနယ်မြေအတွင်းသစ်ခိုးထုတ်နေသူများအားPDFကသတိပေးပြီးပြန်လွှတ်
#ဂမုန်းကြိုးဝိုင်း #ကျွန်းစိုက်ခင်း
#PDFထိန်းသိမ်း
#မြေအောင်ပြောက်ကျားတပ်ဖွဲ့_အုတ်ဖို
#tharyarwaddy8city
Ещё видео!