တရုတ်က ဖိအားပေးနေချိန်မှာ တပ်လှန့်လိုက်တဲ့ NUG သမ္မတ (ရုပ်/သံ)
ဧရာဝတီ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၄
စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ်မှာ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှု တွေနဲ့ လွှမ်းမိုးမှုတွေရှိနေပြီး စစ်ကောင်စီအပေါ်မှာလည်း တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ကြီးကြီးမားမား တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာ ၂၆ ရက်က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အခုဖြစ်ပွားနေတဲ့ အခြေအနေတွေကို လျစ်လျူရှုလို့ မရသလို ဘေးထွက် ဆိုးကျိုး ဖြစ်မလာအောင် စဥ်းစားဖို့ လိုအပ်တယ်လို့လည်း ယာယီသမ္မတက ဆိုပါတယ်။
တရုတ်ဟာ မြန်မာ့ပြည်တွင်းရေး ပဋိပက္ခကို အမြန်ဆုံး ပြေလည်စေချင်နေပြီး အားလုံးပါဝင်တဲ့ စားပွဲဝိုင်း ဆွေးနွေးပွဲ အမြန်ဆုံး အကောင်ထည်ဖော်နိုင်ရေး စစ်ကောင်စီကိုရော တော်လှန်ရေးအင်အားစုတွေကိုပါ တိုက်တွန်းဖိအားပေးနေသလို နှစ်နိုင်ငံ နယ်စပ်မှာရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖြတ် ၅ ဖြတ် စစ်ဆင်ရေးတွေ ပြုလုပ်နေပြီး စစ်ကောင်စီနဲ့ စေ့စပ် ဆွေးနွေးဖို့ အတင်းအကြပ် ဖိအားတွေ ပေးနေပါတယ်။
တရုတ်ဟာ မြန်မာလူထုရဲ့ ဆန္ဒကို အလေးထားပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှာ
မဟုတ်ဘူးလို့ ကတိကဝတ်တွေ ထားရှိခဲ့ပေမယ့် ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာတော့ စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေအကြားက တိုက်ပွဲတွေမှာ တရုတ်ရဲ့ ပါဝင် ပတ်သက်မှုတွေကို ပေါ်ပေါ်ထင်ထင် တွေ့လာရပါတယ်။
#မြန်မာ #ဧရာဝတီ #NUG #ယာယီသမ္မတဒူဝါလရှီးလ #တော်လှန်ရေးအင်အားစု #တရုတ် #၁၀၂၇ #စစ်ကောင်စီ
Ещё видео!