#ahngaelay #myanmarworshipsong #ကျေးဇူးတော်သက်သက်ပါ
ကျေးဇူးတော်သက်သက်ပါ
Composer: Ah Ngae Lay
Band: Iron Cross
Mixing and Mastering: Chit San Maung
Studio: PTL Studio
Director: Zaw Ko Ko
ကျေးဇူးတော်သက်သက်ပါ
အဝေးဆုံးကိုယ်တော်နဲ့အဝေးဆုံးမှာကျွန်ုပ်ရောက်ခဲ့ချိန်
မျော်လင့်ချက်များလည်းကုန်ဆုံးပြီ
ဒဏ်ရာတွေအပြည့်နဲ့ငါလဲကျချိန်
အနီးပါးကိုယ်တော်ရဲ့အနီးပါးတို့ဆွဲခေါ်ကာ
သွန်းလောင်းတဲ့အသွေးမြတ်ကြောင့်သာ
စုံလင်တဲ့ဘုရားသားအခွင့်ကိုကျွန်ုပ်ကိုအမြဲတမ်းပေးပြီ
အကျွန်ုပ်ရဲ့လုပ်ဆောင်မူ့မပါပဲ
အရာရာဟာကျေးဇူးတော်သက်သက်ပါ
တန်ဖိုးမရှိတဲ့ကျွန်ုပ်ရဲ့ဘဝဟာ
ကိုယ်တော်ကြောင့်လှပခဲ့တာ
ကျွန်ုပ်ရဲ့အားနည်းခြင်းမှာလည်း
ကိုယ်တော်ရဲ့ကျေးဇူးကစုံလင်တယ်
အဆုံးစမဲ့သခင့်ရဲ့အချစ်သာ
ကျွန်ုပ်ကိုသိမ်းပိုက်ခဲ့ပြီ
Ещё видео!