Illegal fishing still a threat to Irrawaddy dolphins, especially cause of electrofishing.
ပြုံးပြုံးချိုချို မျက်နှာလေးတွေနဲ့ မြန်မာနိုင်ငံက ချစ်စရာကောင်းတဲ့ ဧရာဝတီလင်းပိုင်လေးတွေက အပြီးအပိုင် နှုတ်ဆက်ထွက်ခွာသွားတော့မှာလား။
.
မြန်မာနိုင်ငံက ရှားပါးရတနာလို့ ကမ္ဘာက လူတွေ အသိများတဲ့ Irrawaddy Dolphin လေးတွေက အသိဉာဏ်နည်းပါးတဲ့ လူတွေကြောင့် ထာဝရ မျိုးသုန်းပျောက်ကွယ်သွားတော့မယ့် အန္တရယ်နဲ့ ကြုံတွေ့နေရပါတယ်။
.
ဒီ .. ဧရာဝတီလင်းပိုင်လေးတွေ ကျွန်တာ်တို့ မြန်မာနိုင်ငံမှာ မျိုးသုန်းတော့မယ့် အဓိကအကြောင်းအရင်းကတော့ လူတွေရဲ့ အသိဉာဏ်နည်းပါးမှုနဲ့ နောက်ပိုင်းမှာ ရှားပါးလာတဲ့ ရေသတ္တဝါတွေကို ရရာနည်းနဲ့ တရားမဝင် အဆင်ခြင်မဲ့ ဖမ်းဆီး လာရခြင်းကြောင့်ပဲဖြစ်ပါတယ်။ အဲ့ဒီပြသနာတွေရဲ့ အဓိကအချက်ကတော့ ငါးဖမ်းသမားတွေက လျှပ်စစ်ရှော့တိုက်ပြီး ငါးဖမ်းတာတို့၊ အဆိပ်သုံးပြီး ငါးဖမ်းတာတို့၊ ဒိုင်းနမိုက်နဲ့ ငါးဖမ်းတာတို့က Irrawaddy Dolphins တွေမျိုးသုံးမှုရဲ့ ရင်းခံပြသနာတွေပါ။
.
နောက်ထပ်အကြောင်းအရင်းတွေက တံငါသည်တွေချထားတဲ့ ပိုက်မှာ မတော်တဆ ငြိပြီး သေဆုံးရတာတွေနဲ့ ဒီလင်းပိုင်လေးတွေနေတဲ့ ရေထု နဲ့ ဂေဟစနစ်က လူတွေကြောင့် တဖြည်းဖြည်း ညစ်ညမ်းလာခြင်းတွေကြောင့်လည်း ပါပါတယ်။
.
ဧရာဝတီလင်းပိုင်လေးတွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ခေါင်းဆောင်ပိုင်းက လူကြီးတွေအနေနဲ့ ဒီထက်ပိုပြီး ထဲထဲဝင်ဝင်ထိန်းထိန်းသိမ်းသိမ်းနဲ့ ဧရာဝတီလင်းပိုင်လေးတွေကို ကာကွယ်စောင့်ရှောက်ဖို့လိုလာပါပြီ၊ တရားမဝင် Ethical မဖြစ်တဲ့ နည်းတွေနဲ့ ငါးဖမ်းသူတွေကိုလည်း ကြပ်ကြပ်မတ်မတ်နဲ့ အရေးယူလုပ်ဆောင်ဖို့လိုပါတယ်။
.
ကျွန်တော်တို့လို ပြည်သူတွေအနေနဲ့ ဘာတွေလုပ်ပေးနိုင်လဲဆိုတော့ ဒီလို မျိုးသုန်းတော့မယ့်အန္တရယ်နဲ့ ကြုံတွေ့နေတဲ့ ဧရာဝတီလင်းပိုင်လေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ Awareness ပေးတဲ့ စာတွေ information တွေကို လူတွေများများသိအောင် မျှဝေပေးဖို့လိုအပ်ပါတယ်၊ ကျွန်တော်လေ့လာ မှီညမ်းထားတဲ့ အချို့သော Experts တွေရေးတဲ့ စာစာတွေ Information တွေကိုလည်း Comment မှာ ထည့်ပေးထားပါမယ်၊ အဲ့ဒါတွေဖတ်ကြည့်ပြီးတော့ အခြားနီးစပ်တဲ့လူတွေဆီ မျှဝေပေးပါ၊
.
နောက်ပြီးတော့ ဧရာဝတီလင်းပိုင်လေးတွေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်းတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းသားကောင် ထိန်းသိမ်းရေးတွေ ပြုလုပ်နေတဲ့ အဖွဲ့အစည်းတွေကိုလည်း ကျေးဇူးအများကြီးတယ်ပါတယ်
.
"He & She"
Instagram: [ Ссылка ]
Facebook: [ Ссылка ]
"Me & My Backpack"
Instagram: [ Ссылка ]
Facebook: [ Ссылка ]
.
#SaveIrrawaddyDolphins #Travel #Irrawaddy #Myanmar
Ещё видео!